တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့များရှိ ရေသန့်ထုတ်လုပ်သော ရေသန့်စက်ရုံများသို့ (၂၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်မှစ၍ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူသွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ရေသန့်စက်ရုံပေါင်း (၁၁)ရုံအားစစ်ဆေးခဲ့ရာ ရေသန့်စက်ရုံများ၌ လိုင်စင်ရှိ/မရှိ၊ လိုင်စင်သက်တမ်းအပေါ် အလေးထား၍ ကုန်ဆုံးရက်မတိုင်မီ သက်တမ်းတိုးဆောင်ရွက်သွားရေး၊ ရေသန့်စက်ရုံအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ စက်ရုံအတွင်း ရေသန့်ခန်းဝင်ဝတ်စုံ၊ ဖိနပ်၊ လက်အိတ်၊ ခေါင်းစွပ်ဝတ်ဆင်ရေး၊ ရေသန့်ဘူးခွံနှင့်အဖုံးများ စနစ်တကျထားရှိစေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီဆောင်ရွက်စေရေး၊ မိုးရာသီအချိန်ကာလတွင် စားသုံးသူပြည်သူများ ဝမ်းပျက်ဝမ်းလျောရောဂါကင်းဝေးစေရေးနှင့် ကျန်းမာစေရန်အတွက် ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)