ရွှေဘိုခရိုင်အတွင်း ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ တတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ ဇူလိုင်လ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၃၀၀၀၀၊ မန္တလေးသို့ အိတ်ရေ၃၃၇၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်း အိတ်ရေ ၇၁၅၀၀၊ တန်အားဖြင့် ၃၅၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊မန္တလေးသို့ အိတ်ရေ ၂၈၇၀၀၊ နေပြည်တော်သို့ အိတ်ရေ၄၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၂၅၀၀ ၊ ၊ပခုက္ကူသို့ အိတ်ရေ ၃၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၆၇၂၀၀၊ တန်အားဖြင့် ၃၃၆၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၄၃၀၀၊ တန်အားဖြင့် ၂၁၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၄၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၅၀၀၀ ၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)