ရေတာရှည်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဇူလိုင်လ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့၊ စည်ပင်သာယာဈေး၊ ဈေးတာဝန်ခံရုံး၌ စည်ပင်သာယာဈေးအတွင်း ရောင်းချမှုပြုနေသောလုပ်ငန်းရှင်များအား ဌာနဆိုင်ရာများအလိုက် သိသင့်သိထိုက်သည်များကို အသိပညာပေးဟောပြောခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပါရှိသည့် ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန်နှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးဟောပြောခဲ့ပါသည်။

       ထို့အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမျိုးအောင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးသန့်ဇင်နိုင်တို့က သက်ဆိုင်ရာဌာနများအလိုက် သိသင့်သိထိုက်သည် များကိုဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ရေတာရှည်မြို့ စည်ပင်သာဈေးမှ လုပ်ငန်းရှင် ၂၀ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)