![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ပဲတီစိမ်း_18.jpg?itok=31QvRB-Q)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ဒေသထွက်ကုန်ဖြစ်သော ပဲတီစိမ်းမှာ ကုန်စည်ဒိုင်သာမက မြို့ပေါ်ရှိပွဲရုံများတွင်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပခုက္ကူကုန်သည်များထံမှ သိရှိရပါသည်။ ပခုက္ကူမြို့နယ်တွင် ပဲတီစိမ်းကို စိုက်ဧက(၆၀၀၀)ကျော်ရှိပြီး အဓိကစိုက်ပျိုးသောနေရာများမှာ ကံတော်၊ ကဲလှ၊ ကံရပ်၊ ချောက်ကန်အုပ်စုရွာများ၊ ကိုင်းအုပ်စုကျေးရွာများနှင့် မြိုင်မြို့နယ်ရှိရွာများဖြစ်သော ကျောက်ဆောက်၊ လက်ပဲအိုက်၊ မြို့သာရွာများမှ တစ်ကွင်းတစ်စပ်အဖြစ် စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့သည် စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ပြီး အခြားမြို့များမှလည်း လာရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲတီစိမ်းဈေးနှုန်းများမှာ အရည်အသွေးကိုလိုက်၍ ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၄၅၀၀၀ မှ ၆၀၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ် (၅၀၀၀၀ မှ ၆၀၀၀၀)၊ (တတိယပတ်)အစတွင် ကျပ်(၅၀၀၀၀ မှ ၆၁၀၀၀)၊ (စတုတ္ထပတ်)တွင် ကျပ်(၆၀၀၀၀ မှ ၇၀၀၀၀)ထိဖြစ်ပြီး ဇူလိုင်လအတွင်း ပဲတီစိမ်း တစ်တင်းလျှင်ကျပ် (၁၀၀၀၀)ကျပ် ခန့်ဈေးတက်နေပြီး အရောင်းအဝယ်မှာသွက်လျက်ရှိကြောင်း၊ ကုန်သည်များထံမှသိရှိရပါသည်။ နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့သော အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၅၀၀)မှ (၁၀၀၀)ထိဖြစ်ပြီး တင်ပို့အနေဖြင့် မြန်မာပြည်အောက်ပိုင်းသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)