ရှမ်း(တောင်) ဆိုက်ခေါင်ဒေသထွက် နာနတ်သီးများ ဈေးကွက်သို့ရောက်ရှိ

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်အနီးတစ်ဝိုက် ကျောင်းချယ်၊ ဆိုက်ခေါင်ကျေးရွာတို့တွင် ဆိုက်ခေါင် နာနတ်သီး (ခေါ်) ပျားနာနတ်နှင့် ဒေသနာနတ်သီးများ အများဆုံးစိုက်ပျိုး လေ့ရှိရာ ဆိုက်ခေါင် နာနတ်သီးသည် အခွံပါးပြီးအသားထူ၍ အူတိုင်သေးသော သီးများဖြစ်သည်နှင့်အညီ ပျားရည်ကဲ့သို့ ချိုသောအရသာရှိသောကြောင့် အများအားဖြင့် ပျားနာနတ်ဟူ၍လည်း အမျိုးအစားကွဲပြားမှုရှိကြောင်း  နာနတ်သီးကို ဇူလိုင်လဝက်နှင့် ဩဂုတ်လတွင်  နာနတ်သီးများ လှိုင်လှိုင် ထွက်ရှိသော ကာလဖြစ်ပြီး ပျားနာနတ်သီးနှင့် ဒေသနာနတ်သီးများကို အသေး၊ အလတ်၊ အကြီးဟူ၍ အရွယ်အစားသုံးမျိုးခွဲခြားပြီး လက်လီ/ လက်ကားဝယ်ယူသူများဆီသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

    ဆိုက်ခေါင်ရှိ ဒေသနာနတ်သီး လက်လီဈေးနှုန်းမှာ အလုံးအသေးတစ်လုံးလျှင် ငွေကျပ် ၅၀၀-၇၀၀ ဖြင့်လည်းကောင်း၊ အလတ်တစ်လုံးလျှင် ငွေကျပ် ၈၀၀-၉၀၀၊ အကြီးတစ်လုံးလျှင် ငွေကျပ် ၁၀၀၀-၁၂၀၀ ၊ ပျားနာနတ်သီး လက်လီဈေးနှုန်းမှာ အငယ်တစ်လုံးလျှင် ငွေကျပ် ၂၀၀၀-၂၁၀၀ ဖြင့်လည်းကောင်း၊ အလတ်တစ်လုံးလျှင် ငွေကျပ် ၂၂၀၀-၂၅၀၀၊ အကြီးတစ်လုံးလျှင် ၃၀၀၀-၄၀၀၀ ဖြင့်လည်းကောင်း ပျားနာနတ်သီး လက်ကားဈေးမှာ အငယ်၊ အလတ်၊ အကြီးရောပြီး တစ်လုံးလျှင် ၂၀၀၀-၃၀၀၀ ဖြင့်လည်းကောင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

   ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ထွက်ရှိလာသော နာနတ်သီးများအား ဒေသတွင်းနှင့် နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်နာနတ်သီးဈေးနှုန်းများမှာ ယခင်နှစ်များထက် ဈေးပိုမိုရရှိနိုင်သဖြင့် နာနတ်သီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA(ရှမ်း)