ဒိုက်ဦးမြို့နယ်တွင် ဆန်စက်ပိုင်ရှင်များနှင့် ဆန်လုပ်ငန်းရှင်များပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးခြင်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်တို့သည် (၂၃-၇-၂၀၂၄)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်ထိ တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်နှုန်း ရောင်းချမှုပြုလုပ်ပေးခဲ့ပါသည်။

       ဒိုက်ဦးမြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံတို့သည် နံနက် (၀၇:၀၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်ထိ ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်ဖြင့် တစ်အိမ်ထောင်စုလျှင် ဆန်နှစ်ပြည်နှုန်း နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။ ထိုသို့ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)