နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော ဇူလိုင်လ မတ်ပဲဈေးနှုန်းအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင်ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ဇွန်လအတွင်း ရောင်းဝယ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးမတိမ်းမယိမ်းဖြင့်သာ ရောင်းဝယ်နေကြသည်ကိုတွေ့ရှိရပါသည်။

         ယခင်ဇွန်လ စတုတ္တပတ်တွင်  ရောင်းဝယ်ခဲ့သောဈေးနှုန်းမှာ မတ်ပဲ ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၁၀၇၀၀၀ကျပ်မှ ၁၀၉၀၀၀ကျပ်)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇူလိုင်လပထမပတ်တွင်လည်း (၁၀၇၀၀၀ကျပ်မှ ၁၀၇၅၀၀ကျပ်) ဈေးအကျဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

        ဇူလိုင်လ ဒုတိယပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၁၀၇၅၀၀ကျပ်မှ ၁၀၉၀၀၀ကျပ်) အထိ ပြန်လည်ဈေးတက်လာသည်ကိုတွေ့ရပါသည်။ မတ်ပဲဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင်လည်း (၁၀၉၀၀၀ကျပ်မှ ၁၀၉၈၀၀ကျပ်) ဈေးအမြင့်ဖြင့် ရောင်းဝယ်နေကြသည်ကိုတွေ့ရပါသည်။

          တင်ပို့ရောင်းချမှုအနေဖြင့် အရောင်းအဝယ်အေးနေပြီး ပုံမှန်တင်ပို့ရောင်းချရမှုမရှိကြောင်း နတ်တလင်းမြို့နယ်အတွင်းရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)