နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းအခြေအနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များတွင် ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသောပစ္စည်းဈေးနှုန်းများမှာ ဆင်အမှတ်တံဆိပ် အိမ်မိုးသွပ် (အပါး) ၁ပေလျှင် ၁၂၀၀ကျပ်၊ ဆင်အမှတ်တံဆိပ် အိမ်မိုးသွပ် (အထူ) ၁ပေလျှင် ၁၆၅၀ကျပ်၊ ကြယ်စိမ်းအမှတ်တံဆိပ် အိမ်မိုးသွပ် ၁ပေလျှင် ၁၇၀၀ကျပ်၊ သွပ်သံ (၂လက်မ-၂လက်မခွဲ) ၁ပိဿာလျှင်   ၁၁၅၀၀ကျပ်၊ သွပ်သံ(၁လက်မခွဲ) ၁ပိဿာလျှင် ၁၂၅၀၀ကျပ်၊ သံမှို(၁လက်မ- ၁လက်မခွဲ) ၁ပိဿာလျှင် ၇၅၀၀ကျပ်၊ သံမှို(၂လက်မ-၄လက်မ) ၁ပိဿာလျှင် ၆၈၀၀ကျပ်၊ ရိုးရိုးအထပ်သား ၇မီလီမီတာတစ်ချပ်လျှင် (၂၅၀၀၀)ကျပ်၊ အထပ်သား ၈မီလီမီတာတစ်ချပ်လျှင် (၃၇၅၀၀)ကျပ်၊ အထပ်သား  ၉မီလီမီတာတစ်ချပ်လျှင် (၄၀၀၀၀)ကျပ်၊ အယ်လ်ဖာ (Alpha) ဘိလပ်မြေ (50-kg) တစ်အိတ်လျှင် (၁၁၀၀၀) ကျပ်၊ ကြံ့နှစ်ကောင် (Double Rhinos) ဘိလပ်မြေ (50-kg) တစ်အိတ်လျှင် (၁၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မိုးတွင်းကာလဖြစ်သဖြင့် အရောင်းအဝယ်အေး၍ ပစ္စည်းပြတ်လပ်မှုမရှိကြောင်းသိရှိပါသည်။

DOCA(ပဲခူး)