ရွှေဖရုံသီးစိုက်တောင်သူများ ဈေးကောင်းရရှိ

Powered by Drupal

      ရွှေဖရုံသီးကို နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုယ်တိုင်စားသုံးရန်နှင့်ရောင်းချရန်တို့အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ အများအားဖြင့် ထိုင်ဝမ်မျိုးများကိုစိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးသည် ပူနွေးသောရာသီဥတုတွင် ပိုမိုဖြစ်ထွန်းသော်လည်း အသင့်အတင့်အေးမြသော ရာသီဥတုတွင်လည်းစိုက်ပျိုးနိုင်ပါသည်။ ရွှေဖရုံသီးစိုက်ပျိုးရက်သက်တမ်းမှာ  ရက်(၁၀၀)မှ ရက်(၁၂၀)ရှိပြီး အသီးရင့်မှည့်မှသာ စတင်ခူးဆွတ်ကြပါသည်။ ရွှေဖရုံသီးစိုက်ပျိုးမှုတစ်ဧကလျှင် အလုံးရေ (၁၅၀၀မှ ၂၀၀၀)ခန့်ထွက်ရှိပြီး ရွှေဖရုံသီးတစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ လက်လီ (၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်)၊ လက်ကား (၈၀၀ကျပ်မှ ၁၀၀၀ကျပ်)နှုန်းနှင့် ရွှေဖရုံအညွန့်တစ်စည်းလျှင် လက်လီ (၁၅၀)ကျပ်၊ လက်ကား (၁၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက် ရှိပါသည်။ ရွှေဖရုံသီးနှင့် ရွှေဖရုံညွန့်များကို ဒေသတွင်းမြို့နယ်များနှင့် ကုန်စိမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်တညင်းကုန်းဈေးသို့တင်ပို့ရောင်းချကြပြီး ရွှေဖရုံသီးစိုက်တောင်သူများ ဈေးကောင်းရရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)