“ ခရမ်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။

            အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းဆိုင်ရာအချက်များ၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်များအနက် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့မဟုတ်) ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပြီး လတ်တလောကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖြစ်ပေါ်လာသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရန်အချက်များနှင့် ကျန်းမာရေးဆိုင်ရာသိသင့်သိထိုက်သောအကြောင်းအရာများ ဆွေနွေးပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ သူ (၂၈၀) ဦးနှင့် ဆရာ/မ(၁၀)ဦး၊ စုစုပေါင်း(၂၉၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)