“ ကော့မှူးမြို့နယ်၊ မကျီးကန်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးကန်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

        အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ရာတွင် ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းက စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးဖြစ်သော စားသုံးသူ၏အခြေခံလိုအပ်ချက်များပြည့်စုံစေနိုင်မှု၊ လုံခြုံစိတ်ချစွာ ဘေးအန္တရာယ်ကင်းရှင်းစေနိုင်မှု၊ သတင်းအချက်အလက်ပြည့်စုံစွာရရှိစေနိုင်မှု၊  လွတ်လပ်စွာရွေးချယ်နိုင်စေမှု၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်စေမှု၊ ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးရရှိစေမှု၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ သင်ယူလေ့လာနိုင်စေမှု၊ ကောင်းမွန်ရှင်သန်နိုင်စေသော ပတ်ဝန်းကျင်ကိုရရှိနိုင်စေမှု စသည့် စားသုံးသူပြည်သူများ၏အခွင့်အရေးဆိုင်ရာအချက်များနှင့် စားသုံးသူ၏တာဝန်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြားခဲ့ပြီး ယခုအချိန် လတ်တလောကာလတွင် ဖြစ်ပေါ်လာသောဝမ်းပျက်ဝမ်းလျောရောဂါနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များဖြစ်သော လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးပါ၊ တစ်ကိုယ်ရေးသန့်ရှင်းမှုပြုလုပ်ပါ၊ ရေကိုကြိုချက်သောက်ပါ၊ အခုရက်အတွင်း အပြင်အစားအစားအသောက်များကို တတ်နိုင်သမျှရှောင်ပါ၊ အသီးအရွက်များကို သေချာစွာဆေးကြောပါ၊ ပူပူနွေးနွေးစားပါ၊ ယင်နာစာများမစားပါနှင့် ဆန်ဆေးရေကဲ့သို့သော ဝမ်းများသွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါဟု ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)