ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် စည်ပင်ဝန်ထမ်းများနှင့်အတူ ရေကျော်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များသို့ (၁၇.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁;၀၀)နာရီအချိန်တွင် သွားရောက်၍ ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ၌ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ စစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ မုန့်ဆိုင်ပိုင်ရှင်များအား ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ပြဌာန်းချက်များနှင့်အညီရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ ပြစ်မှုပြစ်ဒါဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)