သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Powered by Drupal

     သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇူလိုင်လ၏ တတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၅၀၀) အိတ်ခန့် စုစုပေါင်း (၆၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၉၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဇူလိုင်လ၏ စတုတ္ထအပတ်တွင် မော်လမြိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၆၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၇၀) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်တတိယအပတ်နှင့်နှိုင်းယှဉ်ပါက  အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။

      သထုံခရိုင်အတွင်းသို့ ဇူလိုင်လ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၆၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၄၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၀၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၄၅) တန်ခန့်စီးဝင်ခဲ့ပြီး ဇူလိုင်လ၏ စတုတ္ထအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၆၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၁၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၅၀) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ တတိယအပတ်နှင့် နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးဝင်ခဲ့ပါသည်။

      သထုံခရိုင်အတွင်း၌ ဇူလိုင်လ၏ စတုတ္ထအပတ်တွင် ဆန်ဈေးနှုန်းမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၈၀၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၃၇၀၀၀၀၀) ခန့်၊ ကမာကြည် (၂၇၀၀၀၀၀) ခန့်၊ ဧည့်မထ (၂၂၀၀၀၀၀) ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၅၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၁၂၅၀၀၀) ခန့်၊ ကမာကြည် (၁၁၅၀၀၀) ခန့်၊ ဧည့်မထ (၇၂၀၀၀) ခန့် ရှိပြီး  ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)