“ရာသီပေါ်ချိန် ဈေးကွက်အတွင်း ချင်းဈေးကျဆင်းလာ”

Powered by Drupal

    မိတ္ထီလာခရိုင်၊သာစည်မြို့နယ်ရှိ တောင်ပေါ်ဒေသကျေးရွာများတွင် ချင်းကို တစ်နိုင်တစ်ပိုင်သာစိုက်ပျိုးကြသဖြင့် ‌‌ဒေသတွင်းစားသုံးမှုအတွက် လိုအပ်ချက်ကို ရှမ်းပြည်နယ်၊ အောင်ပန်းမှ ဝယ်ယူရောင်းချကြပ့ါသည်။ မေလတွင် စိုက်ပျိုးသောချင်းများမှာ ဇန်နဝါရီလတွင်ထွက်ရှိပြီး နိုဝင်ဘာလတွင် စိုက်သောချင်းများမှာ ဇူလိုင်လတွင် ထွက်ရှိပါသည်။ ချင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြသည့်အပြင် ဆေးဝါးဖော်စပ်ရာ၌လည်း အသုံးပြုကြသဖြင့် ချင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့် အစာလည်းဆေး၊ ဆေးလည်းအစာတစ်မျိုးဖြစ်၍ အိမ်တိုင်းမရှိမဖြစ်အသုံးပြုကြပါသည်။ ဈေးကွက်အတွင်း၌ ယခုဇူလိုင်လ တတိယပတ်တွင် ချင်းတစ်ပိဿာလျှင် (၃၀၀၀-၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ တတိယပတ်တွင် ချင်းတစ်ပိဿာလျှင် (၈၀၀၀-၉၀၀၀) ကျပ်ခန့်ရှိကြောင်း၊ ယခင်နှင့်ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ချင်းတစ်ပိဿာလျှင် (၄၀၀၀-၅၀၀၀) ကျပ်ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ချင်းရာသီပေါ်ချိန်ဖြစ်၍ ဈေးကွက်အတွင်း အဝင်များလာခြင်းကြောင့်ဖြစ်သည်ဟု ပွဲရုံလုပ်ငန်းရှင်များနှင့် လက်လီ/လက်ကားအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)