မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီ အရောင်းအဝယ်အေး၍ ဈေးအေး

Powered by Drupal

       မိတ္ထီလာဈေးကွက်တွင် ဇူလိုင်လ တတိယပတ်အစ၌ ဝါဆိုအခါပြီးကာစဖြစ်၍ အရောင်းအဝယ်အေး၍ ဈေးအေးနေသေးကြောင်းသိရပါသည်။ မိတ္ထီလာဈေးကွက်မှ ပြည်တွင်းဈေးကွက် များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ တာချီလိတ်မြို့များသို့ အခြားကုန်များနှင့်ရော၍ တင်ပို့မှုသာရှိခြင်းကြောင့် ဈေးအေးခြင်းဖြစ်ပါသည်။ ဇူလိုင်လ ဒုတိယပတ်၌ တစ်ပိဿာလျှင် လက္ကားဈေးမှာ ၁၉၀၀ကျပ်၊ ၁၈၀၀ကျပ်ရှိခဲ့ရာမှ တင်ပို့မှုနည်းသည့်အတွက် ယခုရက်တွင် ၁၈၀၀ကျပ်၊ ၁၇၀၀ကျပ်ရှိကာ တစ်ပိဿာလျှင် ၁၀၀ကျပ်ကျဆင်းလာပါတယ်။ သို့သော်လည်း ပြည်ပ ဝယ်လက်ဖြစ်သည့်တရုတ်မှ တာချီလိတ်မှတစ်ဆင့် တင်ပို့မှုတွင် အဝယ်ရှိလာသည့်အတွက် လာမည့်ရက်များ၌ ကုန်ချိန်ပိဿာ ၁၀၀၀၀ခန့်ဆံ့သည့် (၁၂)ဘီးကားဖြင့် တင်ပို့ရန်ရှိကြောင်းသိရပါသည်။ တင်ပို့ရန်ကုန်မှာလည်း သန့်စင်ပြီး ရှယ်အသန့်စများကိုသာမှာယူရာ  မိတ္ထီလာအထိုင်ဈေး ၂၂၀၀ကျပ်၊ ၂၃၀၀ကျပ်ဝယ်ယူဈေးဖြင့် မှာယူထားကြောင်းသိရပါသည်။ ယခုနှစ် ကြက်သွန်နီဈေးမှာ ပေါ်စတွင် တစ်ပိဿာလျှင် တောင်သူရောင်းဈေး ၁၇၀၀ကျပ်မှ ၂၃၀၀ကျပ်အထိရရှိခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)