“ပျော်ဘွယ်မြို့နယ်၊ ကြက်တည်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း”

Powered by Drupal

       ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့ ၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပျော်ဘွယ်မြို့နယ်၊ ကြက်တည်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူစုစုပေါင်း(၄၃)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးစန်း‌အောင်က စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်မှန်းချက်၊မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့် စားသုံးသူနစ်နာဆုံးရှုံး၍ တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး  နံနက်(၀၉:၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)