“မိုးနှမ်းများ စတင်စိုက်ပျိုးလျက်ရှိ”

Powered by Drupal

       ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ နှမ်းသီးနှံကိုလည်း အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ယခုအချိန်၌ ခရိုင်အတွင်း မိုးနှမ်းများစတင်စိုက်ပျိုးလျက်ရှိရာ စိုက်ဧက (၅၆၆၅) ဧကစိုက်ပျိုးထား ရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၂၀၀၅) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၉၉) ဧက၊ မြစ်သားမြို့နယ်တွင် (၃၅၆၁) ဧကစိုက်ပျိုးနိုင်ခဲ့ ကြောင်း၊ ခရိုင်ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနတို့၏ စာရင်းများအရသိရှိရပါသည်။ မိုးနှမ်းကို မြစ်သားမြို့နယ်ရှိ ညောင်ဂျစ်၊ နွားလျှာရိုး၊ မကျီးကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး နှမ်းနက်နှင့် နှမ်းညိုမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခစုစုပေါင်း (၃၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ် နှမ်းဈေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၁၇၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၇၉၀၀၀) ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလက်ရှိပေါက်ဈေးအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၄၈၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၅၀၀၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၁၂၀၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)