“ပဲတီစိမ်း (မိုးကြို) စိုက်ပျိုးမှုနှင့် ဈေးနှုန်းအခြေအနေ”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲတီးစိမ်း (မိုးကြို) ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ကျောက်ဆည်မြို့နယ်တွင် (၉၇၇၄) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၅၆၃၄) ဧက၊ မြစ်သားမြို့နယ်တွင် (၁၁၂၃၄) ဧကဖြင့် စုစုပေါင်း (၂၆၆၄၂) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်အထိ  (၁၀၂၅၈) ဧကရိတ်သိမ်းပြီးစီးပြီးဖြစ်ကြောင်း၊ ခရိုင် ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနတို့၏ စာရင်းများအရသိရှိရပါသည်။ ပဲတီစိမ်း (မိုးကြို) ကို မတ်လမှစတင်ပြီး တောင်သူအများစုသည် ဆည်ရေသောက်ရေသွင်းစနစ်ဖြင့် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် အရည်အသွေးနှင် အထွက်နှုန်းကောင်းမွန်သော ရေဆင်း-၁၁မျိုးနှင့် ကျောက်စိမ်းမျိုးများကိုသာရွေးချယ်စိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၁-၁၂) တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၅၅၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် (၆၀၀၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၆၀၀၀၀) ကျပ်ခန့်မြတ်ကြောင်း၊ ပဲတီစီမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)