စစ်ကိုင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် “ခရိုင်ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများစိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော ရွှေဂျိုးဖြူ၊ ထက်ဝေဟိန်း၊ မိဘမေတ္တာနှင့်ရွှေမြဉ္စူဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံမှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လအတွက် ဆန်ရည်ညွှန်း ဈေးများကို အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ရှိ ရွှေဂျိုးဖြူ၊ ထက်ဝေဟိန်း၊ မိဘမေတ္တာနှင့် ရွှေမြဉ္စူဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးမှုအများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များဖြစ်သည်ဟု စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက်(၂၄)ပြည်ပါ တစ်အိတ်ဈေးနှုန်းများမှာ ရွှေဂျိုးဖြူ၊ ထက်ဝေဟိန်း၊ မိဘမေတ္တာနှင့် ရွှေမြဉ္စူဆန်ဆိုင်များ၌ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ ဧရာမင်း တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်မှ (၁၃၀၀၀၀) ကျပ်နှင့် မနောသုခတစ်အိတ်လျှင် (၈၀၀၀၀) ကျပ်မှ (၉၀၀၀၀)ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ကြောင်း၊ သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၅၀၀) ကျပ်မှ (၂၀၀၀)ကျပ်ရှိကြောင်း၊ ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေသည်ကိုစိစစ်တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)