ရွာသစ်ကုန်းကျေးရွာ၏ ငရုတ်သီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့တွင် နှစ်စဉ် ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တွင်လည်းစိုက်ပျိုးကြကြောင်း၊ ငရုတ်စိုက်ပျိုးရာတွင် တစ်နှစ်လျှင် (မိုး၊ ဆောင်း)နှစ်ရာသီစိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကျောက်စိမ်း၊ ၆၉၂နှင့် ပင်နံမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။

        မင်းဘူး(စကု)မြို့နယ်အနေဖြင့် ယခုနှစ်တွင် ငရုတ်စိုက်ဧက (၂၀၀) ဧကခန့်တိုးချဲ့စိုက်ပျိုးလာကြောင်းသိရသည်။ သနပ္ပင်စု၊ ရွာသစ်ကုန်း၊ မန်းကျို၊ ငွေသောင်နှင့် ပဒေသာကျွန်း စသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ယခုနှစ်တွင် (မျိုး၊ သွင်းအားစု၊ လုပ်သားခ) အပါအဝင် တစ်ဧကလျှင် ကျပ်(၁၃) သိန်းခန့်ကုန်ကျကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇွန်လတွင်စတင်ထွက်ရှိပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၂၀၀-၁၅၀၀) ပိဿာကျော်ထွက်ရှိကြောင်း၊  ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)ဖြင့်ရောင်းချရပြီး တွက်ချေကိုက်၍ တောင်သူများပြုံးပျော်ရကြောင်း၊ ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူး၊ စကု၊ ပွင့်ဖြူမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ဇူလိုင်လတွင် ရေများဝင်ရောက်မှုကြောင့် အထွက်နှုန်းနည်းပါးသော်လည်း ဈေးပိုမိုရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွာသစ်ကုန်းကျေးရွာနေ တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)