မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ ဇူလိုင်လ(စတုတ္ထပတ်)တွင် ပဲ၊ နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချ လျက်ရှိသည်။

         မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ကုန်စည်ဒိုင်များ၌ အရောင်းအဝယ်ဖြစ်ပေါ်နေသောကုန်ပစ္စည်းများ၏ တစ်ပိဿာဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ်(၉၆၆၅)၊ နှမ်းနီ ကျပ်(၈၆၆၅)၊ နှမ်းနက်(စမုံ) ကျပ်(၁၁၀၀၀)၊ ပဲလွန်းဝါ ကျပ်(၂၇၄၀)၊ ပဲတီစိမ်း ကျပ်(၃၂၀၀)၊ ကုလားပဲ(929) ကျပ်(၄၂၉၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၄၂၃၅)၊ ပဲကြီး(ဖြူ) ကျပ်(၃၆၈၅)၊ ပဲထောပတ် ကျပ်(၇၀၀၀)၊ မတ်ပဲ ကျပ်(၅၃၅၀)၊ ပဲစင်းငုံနီ ကျပ်(၇၃၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် နှမ်းဖြူ ကျပ်(၃၃၅)၊  နှမ်းနီ ကျပ်(၅၃၅)၊ နှမ်းနက်(စမုံ) ကျပ်(၂၀၀)၊ ပဲတီစိမ်း ကျပ် (၁၅၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၂၅)၊ ကုလားပဲ(929) ကျပ်(၃၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲကြီးဖြူ ကျပ်(၅၂၅) ဈေးနှုန်းကျဆင်းခဲ့သည်။

      တစ်ပတ်အတွင်း တန်ချိန်(၈၉၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့သို့ ကုလားပဲအိတ် (၃၀၀၀)၊ မန္တလေးမြို့သို့ နှမ်းအိတ်(၈၀၀၀)၊ မြေပဲအိတ်(၁၀၀၀) စုစုပေါင်းအိတ်(၁၂၀၀၀) တင်ပို့ခဲ့ကြောင်းသိရသည်။

      တောင်တွင်းကြီးကုန်စည်ဒိုင်တွင် နှမ်းဖြူသန့်တစ်ပိဿာလျှင် ကျပ်(၈၄၄၅)ဖြစ်ပြီး တစ်ပတ်အတွင်း တန်ချိန် (၄၀.၈၂)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

     အောင်လံကုန်စည်ဒိုင်တွင် သိပ္ပံနှမ်းနက် ကျပ်(၈၄၄၅)၊ ပဲတီစိမ်း ကျပ်(၃၃၅၀)၊ ပဲစင်းငုံနီ ကျပ် (၇၀၅၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၄၂၅၀)၊ ကုလားပဲ(မြကြေး) ကျပ်(၄၃၅၀)၊ ပဲကြီး(သစ်) ကျပ် (၄၂၅၀)၊ မြေပဲဆီဆန်(နီ) ကျပ်(၈၀၀၀)၊ မြေပဲဆီဆန်(ဖြူ) ကျပ်(၈၀၀၀)၊ မတ်ပဲ ကျပ်(၅၃၀၀)၊ ဝါ ကျပ် (၃၁၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုတအပတ်တွင် ကုလားပဲ(ဟော်လန်) ကျပ်(၅၀)၊ မြေပဲဆီဆန် (နီ) ကျပ်(၃၀၀)၊ မြေပဲဆီဆန်(ဖြူ) ကျပ်(၂၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲစင်းငုံ(နီ) ကျပ်(၃၀)၊ မတ်ပဲ ကျပ် (၅၀)ဈေးကျခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၁၀၅)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ 

   ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၄၀၀-၁၈၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ကြက်သွန်နီ ကျပ်(၁၀၀)ဈေးနှုန်းလျော့နည်းခဲ့ပြီး တန်ချိန်(၉၇.၉၇)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။  

        ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၂၀၀-၁၈၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ကြက်သွန်နီ ကျပ်(၁၀၀)ဈေးတက်ခဲ့ပြီး တန်ချိန်(၅၇.၉၇)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရသည်။

    ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ(929) ကျပ်(၄၂၆၅)၊ ပဲတီစိမ်း ကျပ်(၃၅၀၀)၊ ပဲစင်းငုံ ကျပ် (၇၀၇၀)၊ ပဲဇီးကွက် ကျပ်(၃၃၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ကုလားပဲ(929) ကျပ်(၅၅)ဈေးမြင့်ခဲ့ပြီး  ပဲတီစိမ်း ကျပ်(၄၀၀)၊ ပဲစင်းငုံ  ကျပ်(၁၀)ဈေးကျခဲ့ပါသည်။  တစ်ပတ်အတွင်း တန်ချိန်(၇၃.၉)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)