မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟုတင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲတို့အား အဓိကစိုက်ပျိုးကြသော်လည်း စပါးကို ဆည်ရေရရှိသော တောင်တွင်း၊ မြို့သစ်နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့် စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြသည်။ ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။

      မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကိုအဓိကစိုက်ပျိုးကြပြီး (၂၉-၇-၂၀၂၄)ရက်နေ့တွင်ဖြစ်ပေါ်နေသော စပါးဈေးနှုန်းမှာ ဧည့်မထ(နွေ)(၁)တင်းလျှင် ကျပ်(၁၇၀၀၀)ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည်ပါ(၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၂၀၀၀၀)၊ မနောသုခ ကျပ်(၈၀၀၀၀)၊ ရတနာတိုး ကျပ်(၇၅၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၀၀၀၀)၊ မနောသုခ ကျပ်(၈၂၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၁၂၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၃၁၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ ရတနာတိုး ကျပ်(၇၅၀၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၅၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊  ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် (၁၃၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၂၀၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ ရတနာတိုး ကျပ်(၇၈၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၄၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၀၀၀၀)၊ မနောသုခ ကျပ် (၉၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ စိုက်ပျိုးသူတောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ သိုလှောင်ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသောဆန်ဈေးနှုန်းဖြစ်စေရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရည်ညွှန်းဈေးထုတ်ပြန်သည့်အတွက်ကြောင့် စပါး၊ ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်းသိရသည်။

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ (၂၉)ရက်နေ့အတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်(၉၈၂၈)အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်(၃၁၉၅)အိတ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်(၁၆၈၈)အိတ်၊ ပဲခူးတိုင်းဒေသကြီးမှ ဆန်(၇၀၀)၊ စုစုပေါင်းဆန် (၁၅၄၀၃)အိတ်၊ (၇၇၀.၁၅)တန်စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)