အထက်မင်းလှမြို့၏ ပန်းဈေးနှုန်းအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ ပန်းထိမ်ငိုပန်း၊ သပြေပန်း၊ နှင်းဆီပန်း၊ ရေမွှေးပန်းနှင့် သစ္စာပန်း များကို မြို့ပေါ်ရှိရပ်ကွက်များ၊ မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်ကျေးရွာများနှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ဇေယျာသီရိဈေးအတွင်းဖြစ်ပေါ်နေသော ဘုရားပန်းဈေးနှုန်းများမှာ ဂန္ဓာမာပန်း(၃)ပင်ပါ(၁)စည်းလျှင် ကျပ်(၁၀၀၀)၊ သပြေငုတ်(အသေး၊ အလတ်၊ အကြီး) အရွယ်အစားအလိုက် (၁)ခုလျှင် ကျပ်(၁၀၀၀-၁၅၀၀-၂၀၀၀)၊ ပန်းထိမ်ငိုပန်း(၁၀)ပင်ပါ(၁)စည်းလျှင် ကျပ်(၂၅၀၀)၊ နှင်းဆီပန်း(၁)ပွင့်လျှင် ကျပ်(၃၅၀)၊ သစ္စာပန်း(၃)ပင်ပါတစ်စည်းလျှင် ကျပ်(၃၅၀၀) ဈေးနှုန်းများဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဂန္ဓာမာပန်း ကျပ်(၃၀၀)၊ သပြေပန်း ကျပ်(၂၀၀-၅၀၀-၁၀၀၀)၊ သစ္စာပန်း ကျပ်(၁၅၀၀)ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်းသိရပါသည်။ ယခုအချိန်ကာလသည် မင်းလှမြို့နယ်အတွင်းထွက်ရှိသည့် ပန်းစိုက်ခင်းများတွင် မြစ်ရေဝင်ရောက်သောကြောင့် ဒေသတွင်းပန်းများမထွက်ရှိနိုင်၍ ပန်းများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချရသဖြင့် သယ်ယူစရိတ်မြင့်မားသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)