မကွေးမြို့သို့ ဇူလိုင်လအတွင်း ဘိလပ်မြေဝင်ရောက်မှုအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။ ထိုဆိုင်များတွင် ဘိလပ်မြေများကို ဇူလိုင်လအတွင်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေအိတ်ရေ (၂၅၅၉၅)အိတ်နှင့် သာစည်မြို့နယ်ရှိ ပြည်ညောင်မှ ဘိလပ်မြေအိတ်ရေ(၁၄၅၁၅)၊ စုစုပေါင်းအိတ်ရေ၄၀၁၁၀)ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

        ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်ခဲ့သော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၇၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၄၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၉၄၀၀)ဖြင့်ရောင်းချခဲ့ကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှသိရှိရပါသည်။ ယခင်ဇွန်လနှင့်နှိုင်းယှဉ်ပါက ယခုဇူလိုင်လတွင် ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၃၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး အပါချီတစ်အိတ်လျှင် ကျပ်(၁၀၀)ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ယခုအချိန်သည် မိုးရာသီကာလဖြစ်၍ ဆောက်လုပ်ရေးပစ္စည်းများ အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရပါသည်။   

DOCA(မကွေး)