![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/161_3.jpg?itok=MdfepUIx)
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြေလတ်ဒေသတစ်ခုဖြစ်ပြီး အခြားတိုင်းဒေသကြီးများထက် ပဲ၊ နှမ်း၊ နေကြာနှင့်ဝါ စသောဆီထွက်သီးနှံများ အဓိကစိုက်ပျိုးထွက်ရှိရာဒေသတစ်ခုလည်းဖြစ်ပါသည်။
မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့နှင့် ရွာမတော်၊ ပေါက်ရင်းကုန်း၊ မြောင်းကောက်၊ အရှေ့ကန်ပေါင်၊ ပျိုးခင်းကုန်း စသည့်ကျေးရွာများတွင် နွေနှမ်းစိုက်ဧကပေါင်း (၂၃၀၀၀)ဧကကျော်စိုက်ပျိုးထားရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဧပြီလတွင် နွေနှမ်းများစတင်စိုက်ပျိုးပြီး ဇွန်လလယ်တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်(၉၀၀၀၀၀)ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၅)တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဂျပန်နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၄၀၀၀၀)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၁၅၀၀၀၀-၁၅၅၀၀၀)ရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဂျပန်နှမ်းဖြူ(၁)ဧကလျှင် ကျပ် (၁၁၀၀၀၀)၊ နှမ်းနက်စမုံ(၁)ဧကလျှင် ကျပ်(၁၃၀၀၀၀)ခန့်ရရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုသမမျှတသောကြောင့် နှမ်းစိုက်တောင်သူများအနေဖြင့် နှမ်းအထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိကြကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့နယ်အတွင်း ထွက်ရှိသည့် ဂျပန်နှမ်းဖြူနှင့် နှမ်းနက်(စမုံ) များကို မန္တလေးမြို့သို့ တစ်ရက်လျှင် နှမ်း(၁၇)တန်၊ ပိဿာ(၁)သောင်းကျော်ပါဝင်သည့် (၁၂)ဘီး၊ ကား(၁၅)စီးခန့် နေ့စဉ်တင်ပို့လျက်ရှိပြီး ဇွန်လလယ်မှ ဇူလိုင်ကုန်အထိ ကားအစီးရေ(၇၀၀)ကျော်တင်ပို့ခဲ့ကြောင်း ဆင်ဖြူကျွန်းမြို့နေ ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။
DOCA(မကွေး)