ပခုက္ကူမြို့တွင်ရောင်းချနေသော ဘိလပ်မြေဈေးနှုန်းဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်း၊ ကံဟိန်းနှင့် ဟိန်းစည်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများလည်းရောင်းချလျက်ရှိပါသည်။ ထိုဆိုင်များမှ ဘိလပ်မြေများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများနှင့် ရန်ကုန်တိုင်းအတွင်းရှိ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများသယ်ယူရောင်းချလျက်ရှိပါသည်။ ဇူလိုင် (ဒုတိယပတ်)တွင်ဖြစ်ပေါ်ခဲ့သော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၃၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၁၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၉၉၀၀)ဖြင့်ရောင်းချခဲ့ကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှသိရှိရပါသည်။

   ဇူလိုင် တတိယပတ်နှင့် စတုတ္ထပတ်တွင် အရောင်းဝယ်ဖြစ်ခဲ့သော ဘိဘိလပ်မြေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၆၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၄၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၀၃၀၀)ဖြစ်ပြီး ဇူလိုင်လ(ဒုတိယပတ်)နှင့် (စတုတ္ထပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၃၀၀)ခန့်ဈေးနှုန်းမြင့်တက်နေကြောင်း၊ အရောင်းအဝယ်မှာလည်း မိမိတို့မြို့နယ်အပြင် အခြားမြို့နယ်များသို့လည်းတင်ပို့ရောင်းချနေကြောင်း ဘိလပ်မြေဆိုင်များနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့မှသိရှိရပါသည်။

DOCA(မကွေး)