မွန်ပြည်နယ်၏ ဆန် ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Powered by Drupal

     မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ စီးဝင်၊ စီးထွက်လျက်ရှိပြီး ဇူလိုင်လ၏ စတုတ္ထအပတ်၌ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ တတိယအပတ်တွင် ဧရာဝတီမှ (၁၂၄၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၅၀၄၀) အိတ်ခန့်၊ ပဲခူးမှ (၄၈၀) အိတ်ခန့်၊ ရန်ကုန်မှ (၈၅၂၀) အိတ်ခန့်၊  စုစုပေါင်း (၁၅၂၈၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၇၆၄) တန်ခန့် စီးဝင်ခဲ့သည်။ ယခုဇူလိုင်လ၏ စတုတ္ထအပတ်တွင် ဧရာဝတီမှ (၂၁၈၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၃၁၂၀) အိတ်ခန့်၊ ပဲခူးမှ (၁၆၄၀) အိတ်ခန့်၊ ရန်ကုန်မှ (၁၃၈၂၀) အိတ်ခန့်၊ မန္တလေးမှ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၀၉၆၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၀၄၈) တန်ခန့် စီးဝင်ခဲ့ပြီး ယခင်တတိယအပတ်နှင့် နှိုင်းယှဉ်ပါက  အနည်းငယ်ပို၍ စီးဝင်ခဲ့သည်။

     မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်ရာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ၏ တတိယအပတ်တွင် ကရင်ပြည်နယ်သို့ (၂၁၆၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၀၈) တန်ခန့်စီးထွက်ခဲ့ပြီး၊ ယခုဇူလိုင်လ စတုတ္ထအပတ်တွင် ကရင်ပြည်နယ်သို့ (၁၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၇၅) တန်ခန့်စီးထွက်ခဲ့ပြီး၊ ယခင်တတိယအပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့သည်။

      မွန်ပြည်နယ်၌ ဇူလိုင်လ၏ စတုတ္ထအပတ်တွင် ဆန်ဈေးနှုန်းမှာ (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ပေါ်ဆန်း(ဒေသ) (၁၂၀၀၀၀) ကျပ်ခန့်၊ ရွှေဘိုပေါ်ဆန်း (၁၅၇၀၀၀) ကျပ်ခန့်၊ ဧည့်မထ(ဒေသ) (၇၁၀၀၀) ကျပ်ခန့် ရှိပြီး  ယခုအပတ်တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)