တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ရေတာရှည်မြို့တွင် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ ဇူလိုင်လ ၂၆ရက်နေ့၊ နံနက်ပိုင်း၌ ရေတာရှည်ဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

        ပူးပေါင်းအဖွဲ့သည် ရေတာရှည်ဈေးနှင့် ဈေးပြင်ပကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများ၌ တားမြစ်ဓါတုဆေးဝါးများပါဝင်မှုရှိ/မရှိ နှင့် ရက်လွန်/မလွန်ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချလျက်ရှိသောဆေးဝါးများတွင် ရက်လွန်/မလွန်နှင့် တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိကိုလည်းကောင်း ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုဝေလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးကျွမ်းကျင်(၃) ဦးအောင်အောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးကြီးကြပ် ဦးမင်းသိုက်တို့ဦးဆောင်သော ဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်းသိရှိသည်။

DOCA(ပဲခူး)