
တောင်ငူမြို့ရှိ ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးအရောင်းဆိုင်များ၌ ရွှေနဂါးအမှတ်တံဆိပ် ယူရီးယား(လုံးကြီး) ဓာတ်မြေဩဇာမှာ ဇွန်လတွင် တစ်အိတ်လျှင် ၈၃၅၀၀ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၇၈၅၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၅၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။
ရွှေလမင်းအမှတ်တံဆိပ် (၁၅:၁၅:၁၅) ဓာတ်မြေဩဇာမှာ ဇွန်လတွင် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၅၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။
ပိုတက်(ဂျာမနီ) ဓာတ်မြေဩဇာမှာ ဇွန်လတွင် တစ်အိတ်လျှင် ၁၁၁၅၀၀ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၁၁၆၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၄၅၀၀ကျပ် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။
လှည်းယာဉ်အမှတ်တံဆိပ် (၁၅:၁၅:၁၅) ဓာတ်မြေဩဇာမှာ ဇွန်လတွင် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၁၂၉၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၄၀၀၀ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များမှသိရှိသည်။
DOCA(ပဲခူး)