တောင်ငူခရိုင်၊ ဖြူးမြို့တွင် အရန်ဟင်းလျာအဖြစ် စားသုံးသောပဲများဈေးတက်

Powered by Drupal

       တောင်ငူခရိုင်ဖြူးမြို့တွင် မြေပဲဆန်(အဖြူ)မှာ ဇွန်လတွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၅၀၀ကျပ်တက်ခဲ့ပြီး မြေပဲဆန် (အနီ)မှာ တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

       ကုလားပဲခြမ်းမှာ ဇွန်လတွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်း ၂၀၀ကျပ်တက်ခဲ့ပြီး ကုလားပဲလုံးမှာ ဇွန်လတွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လတွင် တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၅၀၀ကျပ်မြင့်တက်လာခဲ့ပါသည်။

    အရန်ဟင်းလျာအဖြစ် ချက်စားကြသော ကတ္တီပါပဲ ခေါ်  ပဲနီပြားမှာ ဇွန်လတွင် တစ်ပြည်လျှင် ၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လတွင် တစ်ပြည်လျှင် ၉၀၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၂၀၀၀ကျပ်၊ ပဲလွန်းဖြူမှာ ဇွန်လတွင် တစ်ပြည်လျှင် ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လတွင် တစ်ပြည်လျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၁၅၀၀ကျပ်၊ ပဲနှောက်မှာ ဇွန်လတွင် တစ်ပြည်လျှင် ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၁၅၀၀ကျပ်မြင့်တက်လာခဲ့ကြောင်းသိရှိသည်။

DOCA(ပဲခူး)