ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Powered by Drupal

    စားသောက်ကုန်စည်များထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖေ်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မဈေးကြီးနှင့် ကိုးသောင်းဈေးရှိမုန့်ဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကို လည်းကောင်း၊ အောင်မင်္ဂလာဈေး ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်နှင့် မြို့မဈေး မုန့်ဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကို လည်းကောင်း၊ ကြာနီကန်ရပ်ကွက် ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊  ပေါက်ခေါင်းမြို့၊ မြို့မဈေး မုန့်ဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖေ်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)