ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းများစိုက်ပျိုးပြီးစီး

Powered by Drupal

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် နွေနှမ်းနှင့်မိုးနှမ်းများကိုစိုက်ပျိုးကြပါသည်။ ယခုနှစ်ဖြစ်သော ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးနှမ်းစိုက်ပျိုးဧက ၃၉၁၆၄ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ စိုက်ပျိုးသောမျိုးများမှာ ဆင်းရတနာ(၃)၊ ဆင်းရတနာ(၁၄)နှင့် စမုံနက်မျိုးများကို အဓိကထား၍စိုက်ပျိုးကြပါသည်။ မိုးရာသီဖြစ်သော မိုးနှမ်းရာသီတွင် စမုံနက်နှမ်းမျိုးမှာ အစိုက်နည်း၍ အခြားမျိုးများကို ပိုမိုစိုက်ပျိုးကြောင်းသိရပါသည်။ မိုးနှမ်းစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ၃၆၄၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ အထွက်နှုန်း အနေဖြင့် ယခင်နှစ်တွင် တစ်ဧကလျှင် (၁၂)တင်းမှ (၁၃)တင်းအထိထွက်ရှိခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင် ၈၃၀၀၀ကျပ်မှ ၈၅၀၀၀ကျပ်အထိဈေးရရှိခဲ့ကြောင်းသိရပြီး တစ်ဧက အကျိုးအမြတ်အနေဖြင့် ကျပ်၆၀၀၀၀၀ခန့်ရရှိခဲ့ကြောင်းသိရပါသည်။ ယခုနှစ်တွင်လည်း မိုးနှမ်းများပေါ်ချိန်၌ နှမ်းများအောင်မြင်ဖြစ်ထွန်းလျှင် သင့်တင့်မျှတသောအကျိုးအမြတ်များရရှိနိုင်မည်ဟု လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)