လက်ပံတန်းမြို့ရှိ ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းများရောင်းဝယ်လျက်ရှိသောဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေသိရှိနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၊  ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်သွားရောက်၍ ဘိလပ်မြေများကို ဈေးနှုန်းမှန်ကန်စွာရောင်းချမှုရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့ကိုသိရှိရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

         ဘိလပ်မြေဈေးနှုန်းများအနေဖြင့် အပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၁၁၃၀၀)ကျပ်၊ အယ်လ်ဖာ  ဘိလပ်မြေတစ်အိတ်လျှင် (၁၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ ကြံ့အမျိုးအစားဘိလပ်မြေမှာ ဈေးကွက်အတွင်းပစ္စည်း ပြတ်လပ်မှုဖြစ်ပေါ်နေကာ မိုးတွင်းကာလဖြစ်‌သောကြောင့် ဘိလပ်မြေအရောင်းအဝယ်လည်း နည်းပါးနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)