လက်ပံတန်းမြို့၏ ဖွဲနုဈေးကွက်အခြေအနေ

Powered by Drupal

      ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိဆန်စက်များ ကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိသကဲ့သို့ အခြားသောစားသောက်ကုန်များအတွက်လည်း အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ ပထမပတ်မှ နောက်ဆုံးအပတ်အထိ ဖွဲနုတစ်ပေါင်လျှင် ၂၆၅ကျပ်ဖြစ်ပြီး ဖွဲနု(၆၅)ပေါင်ပါ တစ်အိတ်လျှင် ၁၆၉၀၀ကျပ်ဈေးဖြင့် လက်ကားရောင်းချကာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်သွားခြင်းမရှိဘဲ အကျဘက်သို့ ဦးတည်နေကြောင်း ဈေးကွက်အတွင်း လေ့လာမှုများအရသိရှိရပါသည်။

DOCA(ပဲခူး)