အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)အတွင်းတွင် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာပါဝင် (၁)အိတ်လျှင် အနိမ့်ဈေး ကျပ်(၃၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၃၈၀၀၀၀)ဈေးနှုန်းဖြင့် (၄၅)ပိဿာဝင် အိတ်(၉၀) အိတ်အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်းနှင့် နှမ်းသီးနှံမှာ ကုန်သည်များ၏ လက်ဝယ်တွင် အနည်းငယ်မျှသာ ကျန်ရှိနေပါသဖြင့် အရောင်းအဝယ်ခပ်ပါးပါးမျှသာရှိပါကြောင်း သိရပါသည်။

     ပဲမျိုးစုံသီးနှံဈေးကွက်တွင် ဇူလိုင်လ(စတုတ္ထပတ်)အတွင်းတွင် မတ်ပဲ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၀၅၅၀၀)၊ အမြင့်ဈေး ကျပ်(၁၀၇၀၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၁၀၀)ကိုလည်းကောင်း၊ ပဲစဉ်းငုံနီမှာ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၃၃၀၀၀)၊ အမြင့်ဈေး ကျပ်(၁၄၀၀၀၀)ဈေးနှုန်းဖြင့် (၁) တင်းခွဲဝင်အိတ်(၁၈၀) ကိုလည်းကောင်း၊ ကုလားပဲ(HL) (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၈၂၅၀၀)၊ အမြင့် ဈေး ကျပ်(၈၅၀၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၃၅၀)ကို လည်းကောင်း၊ ကုလားပဲ (မြကြေး) (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၈၅၀၀၀)၊ အမြင့်ဈေး ကျပ်(၈၇၀၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင်အိတ် (၁၈၀)ကိုလည်းကောင်း၊ ပဲကြီး(၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၈၀၀၀၀)၊ အမြင့်ဈေး ကျပ်(၈၅၀၀၀) ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၁၇၀)ကိုလည်းကောင်း၊ ပဲတီစိမ်း(၁)တင်းလျှင် အနိမ့်ဈေး ကျပ် (၅၅၀၀၀)၊ အမြင့်ဈေး ကျပ်(၆၈၀၀၀)ဖြင့် အိတ်(၃၀၀)အိတ်ကိုလည်းကောင်း အသီးသီးအရောင်းအဝယ်ရှိကြောင်း၊ ၎င်းပဲမျိုးစုံသီးနှံဖြစ်သည့် ကုလားပဲ(HL)၊ ကုလားပဲ(မြကြေး)တို့ကို အောင်လံမြို့နယ် တွင်းရှိ ပဲခွဲစက်များသို့ ပေးပို့ရောင်းချခြင်းဖြစ်ပြီး ပဲကြီးကို ပဲကြော်လုပ်ငန်းဖိုသို့လည်းကောင်း၊ မတ်ပဲ၊ ပဲစဉ်းငုံနီနှင့်ပဲတီစိမ်းတို့ကို ရန်ကုန်မြို့သို့လည်းကောင်း တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း၊ ဈေးနှုန်း ဈေးကွက်အနေဖြင့် နှမ်းသီးနှံမှာ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ လက်ကျန်အနည်းငယ်မျှသာ အရောင်းအဝယ်ရှိခဲ့ပြီး ပဲမျိုးစုံသီးနှံအနေဖြင့် ယခုရာသီမှာ စိုက်ပျိုးရာသီဖြစ်သည့်အတွက် ပဲတီစိမ်းသီးနှံမှာ သီးနှံအသစ်အနည်းငယ်ထွက်ရှိလာပြီဖြစ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုမိုးရာသီအချိန် တွင် ပဲတီစိမ်းစိုထိုင်းစမှာ (၁)တင်းလျှင် ကျပ်(၅၅၀၀၀)နှင့် ထိပ်စအမျိုးအစားမှာ (၁)တင်းလျှင် ယခုတစ်ပတ်အတွင်း ကျပ်(၆၂၀၀၀)ဈေးနှုန်းဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဝါသီးနှံမှာ ယခုတစ်ပတ်အတွင်း တွင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၃၁၀၀)ဈေးနှုန်းရှိခဲ့ပြီး ဝါပိဿာချိန် (၄၀၀၀)ပိဿာခန့်အား မန္တလေးမြို့သို့တင်ပို့ ရောင်းချပါကြောင်း၊ ဝါသီးနှံမှာလည်း စိုက်ပျိုးရာသီဖြစ်သည့်အတွက် သီးနှံအသစ်ထွက်ရှိမှုမရှိပဲ လက်ကျန်များကိုသာ ကုန်သည်များထံမှ ထုတ်၍ရောင်းချခြင်းဖြစ်ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)