တနင်္သာရီတိုင်းဒေသကြီးမှ ဇူလိုင်လ(၂၇)ရက်နေ့မှ သြဂုတ်လ(၁)ရက်နေ့အထိ ကွမ်းသီးတင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့များတွင် ကွမ်းသီးပင်များ စိုက်ပျိုးထားလျက်ရှိရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များနှင့်မြို့များမှ အဝယ်ဒိုင်ကြီးများက ဝယ်ယူကာ ကွမ်းသီးခြောက်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး အခြားပြည်နယ်နှင့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင်  ၎င်းတို့မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့မှ သြဂုတ်လ(၁)ရက်နေ့အထိ ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၁၃၃၉၈၆၆၃)ပိဿာ တန်အားဖြင့်(၂၁၈၇၉.၂၉၈)ရှိပြီး၊ မြိတ်ခရိုင်မှ (၂၂၄၇၁၁၅) ပိဿာတန်အားဖြင့်(၃၆၆၉၄.၂၂၃)ရှိပြီး၊ ကော့သောင်းခရိုင်မှ (၈၀၈၂၂၅)ပိဿာ တန်အားဖြင့် (၁၃၁၉.၇၈၈)ရှိကြောင်း သိရပါသည်။ ယခုတစ်ပတ်အတွင်း ကွမ်းသီးခြေက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၅၀၀)မှ(၆၅၀၀)ရှိကြောင်း ကွမ်းသီးလုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(တနင်္သာရီ)