၂၀၂၄ ခုနှစ်၊ သြဂုတ်လ(၆)ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ်(50)k (၁)အိတ်လျှင် ကျပ်(၁၄၃၀၀)၊ ဆင်နီ(ထိုင်း)အမှတ်တံဆိပ်(50)k (၁)တစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ Apacheအမှတ်တံဆိပ်(50)k (၁)အိတ်လျှင် ကျပ်(၁၃၅၀၀)ရှိကြောင်း သိရပါသည်။ ယခုအပတ်အတွင်း ဘိလပ်မြေဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ဈေးကွက်အတွင်း ဘိလပ်မြေပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရပါသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ၊ ပထမပတ်အတွင်း ဓါတ်မြေသြဇာဈေးနှုန်းများမှာ ယူရီယား(မြင်းပျံ၊ အာမို၊သြဘာ)အမှတ်တံဆိပ် (50)k တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ တီစူပါ(သံကွင်း) အမှတ်တံဆိပ်(50)k တစ်အိတ်လျှင် ကျပ်(၁၂၈၀၀၀)၊ ပိုတက်ရှ်(တိုတာ၊ဂျာမနီ)အမှတ်တံဆိပ်(50)k တစ်အိတ်လျှင် ကျပ်(၁၄၀၅၀၀)ရှိပြီး ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ဓါတ်မြေသြဇာအရောင်းဆိုင်များမှသိရပါသည်။
DOCA(တနင်္သာရီ)