![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ပဲလွန်း.jpg?itok=0tFfLPLs)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်း ကျေးရွာတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ သြဂုတ်လ(ပထမပတ်)တွင် မိုးပဲလွန်းကို တောင်သူ(၅၀)ဦးမှ ဧက(၁၅၀၀)ဧကနီးပါး စိုက်ပျိုးထားကြောင်း သိရသည်။
မျိုးကို ယခင်နှစ်က မျိုးကောင်းမျိုးသန့်အဖြစ် ဖယ်ချန်ထားသော မိုးပဲလွန်းစေ့များကို ကြဲပက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးထားခြင်းဖြစ်ပြီး (၂)လခွဲခန့်အကြာတွင် ရိတ်သိမ်းနိုင်ကြောင်း သိရသည်။ (၁) ဧကလျှင် မျိုး(၈)ပြည်ခန့်ကုန်ကျပြီး ၎င်းအနေဖြင့် ပဲလွန်း(၁)ဧကခန့်စိုက်ပျိုးထားကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း မြေပြုခ၊ လုပ်အားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၁၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် (၁၂)တင်း ထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၆၅၀၀၀)ဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပုထိုးစမ်းကျေးရွာနေ ပဲလွန်းစိုက်တောင်သူ ဦးလှမြင့်ထံမှ သိရှိရပါသည်။
DOCA(မကွေး)