ပြည်မြို့၏ပြောင်းဖူးဈေးကွက်

Powered by Drupal

       ပြည်မြို့နယ်အတွင်းရောင်းချနေသော ပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့နယ်များမှ ရထား၊ ကားများဖြင့် တင်ပို့ရောင်းချကြသည်။ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာများ၌လည်း အများဆုံးစိုက်ပျိုးရောင်းချနေပြီး ရန်ကုန်ဈေးကွက်သို့လည်းတင်ပို့ရောင်းချကြပါသည်။ ပြည်မြို့နယ်အတွင်းရှိဈေးကွက်များတွင် ပြောင်းဖူးစိမ်းတစ်ဖူးလျှင် အကြီး/အသေးပေါ်မူတည်၍ (၅၀၀ကျပ်-၄၀၀ကျပ်-၃၅၀ကျပ်)ဖြင့်ရောင်းချကြပါသည်။ ရန်ကုန်-ပြည်-ရထားလမ်း၊ ကားလမ်းတစ်လျှောက်တွင်လည်း ပြောင်းဖူးပြုတ်၊ ပြောင်းဖူးဖုတ်တစ်ဖူးလျှင် (၇၀၀ကျပ်-၅၀၀ကျပ်) ဖြင့်ရောင်းချကြောင်းသိရှိှိရသည်။

DOCA(ပဲခူး)