ပြည်မြို့နယ်၏ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

      ပြည်မြို့အတွင်းရှိ ဆန်ဈေးနှုန်းများမှာ စားသုံးမှုမြင့်မားသည့် ဆန်အမျိုးအစားများသာ အရောင်းပုံမှန်သွက်လျက်ရှိကြောင်းသိရပါသည်။ ထိုဆန်အမျိုးအစားများမှာ သြဂုတ်လ၊ ဒုတိယအပတ်တွင် ငွေတိုး(၂၄)ပြည်ပါ တစ်အိတ်လျှင် ၈၂၀၀၀ကျပ်၊ ကရင်မတစ်အိတ်လျှင် ၇၈၀၀၀ကျပ်၊ ပခန်း(ရှယ်) တစ်အိတ်လျှင် ၁၀၉၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန်တစ်အိတ်လျှင် ၆၅၀၀၀ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် ၈၆၀၀၀ကျပ်၊ ကျောက်ရွေးတစ်အိတ်လျှင် ၈၆၀၀၀ကျပ်ဈေးတို့ဖြင့်ရောင်းချကြောင်းသိရ၍ တစ်ပြည်ချင်း၊ (၆)ပြည်၊ (၁၂)ပြည် စသည်ဖြင့် ည်လိုက်သာ အများဆုံးရောင်းချရနေမှုရှိကြောင်းသိရပါသည်။ ဈေးကောင်းသောဆန်အမျိုးအစားများမှာ ယခင်အချိန်ကဲ့သို့ ရောင်းချရမှုမရှိသလောက်ပင် အရောင်းအဝယ်ပါးကြောင်းသိရပါသည်။ သြဂုတ်လ၊ ဒုတိယအပတ်တွင် သိင်္ဂီပေါ်ဆန်းမွှေး (၂၄)ပြည်ပါတစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၃၉၂၀၀ကျပ်၊ ပုသိမ်ပေါ်ဆန်းမွှေး (ရှယ်) တစ်အိတ်လျှင် ၁၅၂၀၀၀ကျပ်၊ အလတ်စားတစ်အိတ်လျှင် ၁၄၆၀၀၀ကျပ်၊ အနိမ့်စားတစ်အိတ်လျှင် ၁၃၇၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)