ပေါင်မြို့နယ်၏ စပါးဈေးနှုန်းအခြေအနေ

Powered by Drupal

    ပေါင်မြို့နယ်တွင် ယခင်လက စပါးချော အကျဘက်သို့  ဦးတည်ဖြစ်ပေါ်ခဲ့သော်လည်း ယခုလဆန်းပိုင်းတွင် စပါးဈေးများပြန်လည်မြင့်တက်သွားပြန်ပါသည်။

    ဒေသပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ယခင် သိန်း ၃၀ မှ ၃၂ သိန်းခန့်သာရှိနေခဲ့ပြီး ယခုလတွင် ၃၅ သိန်းမှ သိန်း ၄၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း စပါးရောင်းချမည့်တောင်သူများလည်း နည်းပါးကြောင်း၊ ဧည့်မထ စပါးတင်း ၁၀၀ လျှင် ယခင် ၁၈ သိန်းကျပ်မှ သိန်း ၂၀ ခန့်သာ ရှိခဲ့သော်လည်း ယခုဩဂုတ်လတွင် ၂၁ သိန်းကျပ်ထိ မြင့်တက်လျက်ရှိကြောင်း၊ ကမာကြည်စပါးမှာ ယခင်တင်း ၁၀၀ လျှင် ကျပ် ၂၈ သိန်း ပတ်ဝန်းကျင်မှ ယခုလတွင် ၃၂ သိန်းကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စက်နှင့်ကုန်သည်များအသင်း (ပေါင်မြို့နယ်)မှ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မွန်)