ပြည်ကြောင်လျှာသီးနှင့် ခရမ်းသီးဈေးနှုန်းများကျဆင်း

Powered by Drupal

      ပြည်ဈေးကွက်အတွင်း မိုးရာသီရောက်သည်နှင့်အညီ ဟင်းသီးဟင်းရွက်များ မိုးရေရကာ အထွက်များ၍ လှိုင်လှိုင်ပေါ်ထွက်သဖြင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများကျဆင်းသွားကြောင်း သိရပါသည်။ ထိုဟင်းသီးဟင်းရွက်များထဲရှိ ကြောင်လျှာသီးဈေးနှုန်းမှာ ယခင်ဇွန်လဆန်း၌ အဝင်နည်းပြီး ရှားပါးချိန်ဖြစ်၍ ကျပ် (၈၀၀-၉၀၀) နှုန်းရှိခဲ့ပြီး ယခုသြဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ပတ်လျှင် တစ်ရက်ခြားအဝင်ရှိ၍ ကျပ် (၄၀၀-၅၀၀) နှုန်းဖြင့်ရောင်းဝယ်မှုရှိနေပါသည်။ အဝင်မှာ တစ်ကြိမ်ဝင်လျှင် မြို့ပေါ်ဈေးများသို့ အတောင့် ၅၀တစ်ပတ်လည်ခန့်ကို ပြည်မြို့အနောက်ဘက်ကမ်းရှိရွာများနှင့် ပြည်မြို့အနီးတစ်ဝိုက်ရှိ သန္ဓေပင်ရွာ၊ မြို့သစ်ရပ်ကွက်တို့မှ အဝင်ရှိကြောင်းသိရပါသည်။

      ပြည်ခရမ်းသီးဈေးနှုန်းမှာလည်း ယခင်ဇွန်လဆန်းတွင် နှပ်လုံးအချောတစ်လုံးလျှင် ကျပ် (၅၀၀-၆၀၀) နှုန်းရှိခဲ့ပြီး ယခုသြဂုတ်လ၊ ဒုတိယအပတ်တွင် ကျပ် (၃၀၀-၃၅၀) နှုန်းတို့ဖြင့်ရောင်းချမှုရှိနေသည်။ ဝင်ရောက်မှုမှာ မှော်ဇာရွာမှ အများဆုံးဝင်ရောက်မှုရှိနေပြီး တစ်ပတ်လျှင် ၃ရက်ခြားတစ်ကြိမ်အဝင်ရှိကာ ပြည်မြို့ပေါ်ဈေးများသို့ အလုံးရေ (၁၈၀-၂၀၀) ခန့်အဝင်ရှိကြောင်းသိရှိှိရသည်။

DOCA(ပဲခူး)