![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/216_11.jpg?itok=wgnIAq6Z)
ပြည်ဈေးကွက်အတွင်းမှ မီးဖိုချောင်သုံးသီးနှံများဖြစ်သော ကြက်သွန်ဖြူ(ရှမ်းစ)မှာ တောင်ကြီး၊ အောင်ပန်းမှ အဝင်ရှိပြီး ရက်ခြားအဝင်ရှိ၍ တစ်ပတ်လျှင် အိတ်(၁၂၀) ခန့်အဝင်ရှိပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာ မန္တလေးမှအဝင်ရှိပြီး တစ်ပတ်လျှင် အိတ်(၁၀၀) ခန့်အဝင်ရှိကြောင်းသိရပါသည်။ ကြူကုတ်မှာ မန္တလေးဘက်မှအဝင်ရှိသည့်အပြင် ပြည်မြို့နှင့် နီးစပ်ရာမြို့ဖြစ်သော ရန်ကုန်၊ပြည်ပွဲရုံများမှလည်း အဝယ်ရှိကြောင်းသိရပါသည်။ အောင်ပန်းဘက်မှ ရှမ်းအာလူးများအဝင်ရှိပြီး မန္တလေးဘက်မှလည်း အဝင်ရှိပါသည်။ အာလူးမှာ ရက်ခြားအဝင်ရှိပြီး တစ်ပတ်လျှင် အိတ် (၁၂၀)ခန့်အဝင်ရှိပါသည်။
သြဂုတ်လ၊ ဒုတိယအပတ်တွင် ဈေးနှုန်းများအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် လက်လီ (၁၆၀၀၀)ကျပ်၊ လက်ကား(၁၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် လက်လီ (၁၃၀၀၀)ကျပ်၊ လက်ကား(၁၂၀၀၀)ကျပ်၊ အာလူးမှာ ယခင်တွင် တစ်ပိဿာလျှင် လက်လီ (၄၅၀၀)ကျပ်၊ လက်ကား (၄၀၀၀)ကျပ်မှ ယခုအခါ လက်လီ (၅၀၀၀)ကျပ်၊ လက်ကား (၄၅၀၀)ကျပ်ဈေးရှိပြီး ယခင်ထက် ဈေးအနည်းငယ်မြင့်တက်နေပြီး ယခုကဲ့သို့ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်း လက်ကျန်နည်းနေခြင်းကြောင့်ဖြစ်သည်ဟု သိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းစားသုံးသူလက်လီသမားများအဝယ်ရှိကြသည့်အပြင် လက်ကားဝယ်ယူသူလုပ်ငန်းရှင်များလည်းရှိပြီး အခြားမြို့နယ်များမှလည်း မှာယူခြင်းများဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)