ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များတွင် ဆီထွက်သီးနှံဈေးနှုန်းများ ဆက်လက်မြင့်တက်လာ

Powered by Drupal

      ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲဆန်ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ မိုးနှမ်းနှင့် မိုးမြေပဲများစိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုမရှိခြင်း၊ ဒေသတွင်း၌လည်း လာရောက်ရောင်းချခြင်းမရှိ၍ ယခင်လက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆန်မှာ ဝယ်လိုအားရှိသော်လည်း ပစ္စည်းလက်ကျန်နည်းနေသည့်အတွက် ဈေးများမြင့်တက်လာပြီး နှမ်းသီးနှံမှာလည်း နောက်ထပ်(၁)လခွဲအကြာတွင် ထွက်ပေါ်လာမည်ဖြစ်သည်ဟုသိရပါသည်။ ယခုအချိန်တွင်  လူအများမှာ မြေပဲဆီနှင့် နှမ်းဆီကိုဝယ်ယူစားသုံးကြသည့်အတွက် ဆီစက်သမားများကလည်း နှမ်းနှင့်မြေပဲကိုဆီကြိတ်ရန်အဝယ်ရှိသဖြင့် သီးနှံများထွက်ပေါ်မှုမရှိသေးဘဲ စပ်ကူးမတ်ကူးအချိန်ဖြစ်၍ ဈေးနှုန်းများမြင့်တက်လာသည်ဟုသိရပါသည်။ သြဂုတ်လ ဒုတိယအပတ်တွင် မြေပဲဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၈၂၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှင့် မြေပဲလုံးဆန် (အဖြူ)တစ်ပိဿာလျှင် ၈၆၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၈၃၀၀ကျပ်ဖြင့် ရောင်းချကြပြီး ဈေးကွက်များတွင် မြေပဲကြော်စားရန်အတွက် ရောင်းချသောမြေပဲဆန်ဈေးမှာ နို့ဆီဘူးတစ်ဘူးလျှင် (၁၀၀၀-၁၁၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ နှမ်းဈေးမှာ ဈေးကွက်တွင် ပစ္စည်းပြတ်နေသော်လည်း နှမ်းနီတစ်တင်းလျှင် ၁၁၂၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၄၃၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၄၈၀၀၀ကျပ်ဖြင့် ရံဖန်ရံခါသာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟုသိရပါသည်။ ယခင်ဇူလိုင်လ၊ ဒုတိယအပတ်နှင့်နှိုင်းယှဉ်လျှင် မြေပဲဆီဆန် (အဖြူ)နှင့် (အနီ)တစ်ပိဿာလျှင် ၁၂၀၀ကျပ်စီ၊ မြေဆန်လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၉၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၈၀၀ကျပ်ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ နှမ်းဈေးများမှာမူ ယခင်ဇူလိုင်လ၊ ဒုတိယအပတ်အတိုင်း ဈေးငြိမ်နေသည်ကိုတွေ့ရပါသည်။

          ပြည်ဈေးကွက်ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံဈေးနှုန်းများအား ၂၀၂၃ခုနှစ်နှင့် ၂၀၂၄ခုနှစ်  (၂)နှစ်အလိုက် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်-

စဉ်

အမျိုးအမည်

ရေတွက်

ပုံ

၂၀၂၃ခုနှစ်

၂၀၂၄ခုနှစ်(ဇန်နဝါရီလမှ

ဇူလိုင်လနောက်ဆုံးပတ်)

အနိမ့်

အမြင့်

အနိမ့်

အမြင့်

မြေပဲဆန်(လုံးဆန်)

ပိဿာ

၅၇၀၀

၇၇၀၀

၈၃၀၀

၈၆၀၀

မြေပဲဆန်(ဆီဆန်)

ပိဿာ

၅၀၀၀

၆၇၀၀

၈၂၀၀

၈၀၀၀

နှမ်းနီ

တင်း

၇၉၅၀၀

၁၀၅၀၀၀

၁၀၈၀၀၀

၁၁၂၀၀၀

နှမ်းနက်

တင်း

၉၀၀၀၀

၁၂၀၀၀၀

၁၄၃၀၀၀

၁၄၅၀၀၀

စမုံနက်နှမ်း

တင်း

၉၄၅၀၀

၁၁၂၅၀၀

၁၄၈၀၀၀

၁၅၀၀၀၀

          အထက်ပါဇယားကိုကြည့်ခြင်းအားဖြင့် မြေပဲသီးနှံဈေးနှုန်းနှင့် နှမ်းသီးနှံဈေးများအနေဖြင့် ၂၀၂၃ခုနှစ်ထက် ၂၀၂၄ခုနှစ်တွင် ဈေးနှုန်းများမြင့်တက်လာခဲ့သည်ုတွေ့ရှိရပါသည်။ ယခုနှစ်တွင် မိုးရေကြီးခြင်း၊ မြစ်ရေများလျှံခြင်းတို့ကြောင့် နှမ်းခင်းနှင့် မြေပဲခင်းများနစ်မြုပ်သည့်အတွက် ရေနစ်သည့်သီးနှံများ ထွက်ပေါ်ချိန်တွင် နှမ်းမြေပဲအထွက်နည်းနိုင်သည်ဟု တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)