တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် အခြားပြည်နယ်များမှဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့နှင့် (၂၉)ရက်နေ့တို့တွင် MV လွိုင်ကော်ရေယာဉ်နှင့် MS ပြည့်ဖြိုးအောင်(၉)ရေယာဉ်တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ ဆန်အိတ်များသယ်ယူလာခဲ့ပြီး မြိတ်မြို့သို့ (၅-၈-၂၀၂၄)ရက်နေ့၌ ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ MV လွိုင်ကော်ရေယာဉ်ဖြင့် ဆန်တန် (၃၇၅)၊ အိတ်ရေ (၇၅၀၀)နှင့် MS ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀)တို့ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)