ပြည်မြို့ရှိ နှမ်းသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော နှမ်းရောင်စုံ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာသုံးသပ်တင်ပြရာတွင် နှမ်းနီဈေးနှုန်းများ အနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းတွင် (၃)တင်း တစ်အိတ်လျှင် (၁)သိန်းကျပ်ခန့်ရှိခဲ့ပြီး ဇန်နဝါရီလကုန်တွင် (၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ မြို့တွင်းဆီစက်သမားများနှင့် နယ်ဘက်ရှိဆီစက်သမားများက ဆီကြိတ်ရန် အဝယ်ရှိလာသဖြင့် ဈေးမြင့်တက်လာခဲ့ပါသည်။ ဖေဖော်ဝါရီလဆန်းတွင် နှမ်းနီဈေးမှာ (၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဈေးများဆက်လက်ငြိမ်နေပြီး၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဆောင်းနှမ်းများ အဝင်လှိုင်လာချိန် ဝယ်လိုအားနည်းသွားသဖြင့် (၃)တင်း တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်ဖြင့် ဈေးပြန်ကျလာခဲ့ပါသည်။ မတ်လ တတိယပတ်တွင် ဆီစက်သမားများက အဝယ်ပြန်ရှိလာသဖြင့် (၃)တင်း တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ထိ ဈေးပြန်မြင့်လာခဲ့၍ တစ်နေ့လျှင်အိတ် (၅၀၀)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          နှမ်းနက်ဈေးနှုန်းများမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် (၃)တင်း တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇန်နဝါရီလကုန်ပိုင်းတွင် (၃)တင်းတစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်ခန့် ဈေးပြန်မြင့်လာခဲ့ပါသည်။ ရန်ကုန်၊ မန္တလေးဝယ်လက်များက တစ်နေ့လျှင် အိတ် (၅၀၀)ခန့် အဝယ်ရှိလာသဖြင့် ဈေးမြင့်လာခဲ့ပါသည်။ ဖေဖော်ဝါရီလလဆန်းပိုင်းတွင် အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး (၃)တင်းတစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်ဖြင့် ဈေးများဆက်လက်ငြိမ်နေပါသည်။ ဖေဖော်ဝါရီလကုန်ပိုင်းတွင် (၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဝယ်လိုအားနည်းသွားသဖြင့် ဈေးပြန်ကျလာခဲ့ပါသည်။ မတ်လ တတိယပတ်တွင် ကျောက်ပန်းတောင်း၊ ပခုက္ကူနှင့် မြင်းခြံဘက်မှ ဝယ်လိုအားကောင်းလာသဖြင့် ဈေးပြန်မြင့်လာပြီး တစ်နေ့လျှင်အိတ် (၃၀၀)ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

        စမုံနက်နှမ်းဈေးနှုန်းများမှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် (၃)တင်း တစ်အိတ်လျှင် ၁၇၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇန်နဝါရီလကုန်ပိုင်းတွင် (၃)တင်းတစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် မန္တလေးဝယ်လက်များနှင့် အောင်လံဘက်မှ အဝယ်ရှိလာသဖြင့် ဈေးမြင့် တက်လာခဲ့ပါသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် (၃)တင်းတစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျှက်ရှိပါသည်။ ဖေဖော်ဝါရီလကုန်တွင် မန္တလေး ဝယ်လက်များမှ အဝယ်နည်းသွားပြီး ဆောင်းနှမ်းများအထွက်လှိုင်လာသဖြင့် ဈေးကျလာခဲ့ပါသည်။ မတ်လတတိယပတ်တွင် အညာဒေသမှ အဝယ်ပြန်ရှိလာသဖြင့် ဈေးပြန်မြင့်လာပြီး တစ်နေ့လျှင် အိတ် (၄၀၀)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          နှမ်းသီးနှံဈေးကွက်မှာ ယခုနှစ်တွင် သွင်းအားစုများ ဈေးမြင့်တက်နေပေမယ့် နှမ်းဈေးမှာ ဈေးကောင်းများရရှိသဖြင့် နှမ်းစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)