![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/မြေပဲ_29.jpg?itok=G3RYrQ-j)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြေပဲသီးနှံ(မြေပဲလုံးဆံဖြူ၊ မြေပဲ လုံးဆံနီ၊ မြေပြန့်လုံးဆံ)တို့ကို မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အဓိကစိုက်ပျိုးပြီး တစ်ရက်လျှင် အိတ်ရေ(၈၀)မှ(၁၂၀)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းများအနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် မြေပဲလုံးဆံဖြူတစ်တင်းလျှင် ငွေကျပ်(၁၃၀၀၀၀)၊ မြေပဲလုံးဆံနီ တစ်တင်းလျှင် ငွေကျပ်(၁၂၈၀၀၀)၊ မြေပြန့်လုံးဆံ တစ်တင်းလျှင် (၁၃၂၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြည်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ်ကထွက်ရှိသည့် မြေပဲလုံးဆံများသာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသောကြောင့် မြေပဲဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှ သိရသည်။
DOCA(မကွေး)