ရုံးပတီသီးစိုက်တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မုန်းချောင်းရေကို အမှီပြု၍ ရုံးပတီသီးနှင့် အခြားဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စားသုံးရန်နှင့် ရောင်းချရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး မျိုးအနေဖြင့် စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း သိရသည်။

     ရုံးပတီသီးသည် ရေလုံလောက်စွာရရှိပါက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (သွင်းအားစု၊ လုပ်သားခအပါအဝင်) ငွေကျပ် (၆၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီး စိုက်ပျိုးပြီး ရက် (၆၀) မှ (၇၀) အကြာတွင် အသီးစတင် ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် ပိဿာ (၁၀၀၀)ကျော် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ရုံးပတီသီးတစ်ပိဿာလျှင် လက်ကားဈေးနှုန်း ငွေကျပ်(၂၅၀၀)၊ လက်လီဈေးနှုန်း ငွေကျပ် (၂၈၀၀-၃၀၀၀) ဖြင့်လည်းကောင်း၊ ရုံးပတီသီး (၁၀)တောင့်လျှင် ငွေကျပ်(၂၅၀-၃၀၀)ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ်(၁၉၀၀၀၀)ခန့် ကျန်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့ရှိ ဈေးများသို့ တင်ပို့ရောင်းချလျက်ရှိပြီး တောင်သူများဈေးကောင်းရရှိ၍ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရသည်။

DOCA(မ‌ကွေး)