မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ပဲစဉ်းငုံနီဈေးနှုန်းမှာ တဖြည်းဖြည်းကျနေခဲ့သော်လည်း အရောင်းအဝယ်သွက်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။ ပဲစဉ်းငုံနီသည် အညာဒေသတွင် အဓိကစိုက်ပျိုးသီးနှံဖြစ်ပြီး ယခုအချိန်တွင် သက်ကြီးပဲစိမ်းငုံနီများလည်း စိုက်ပျိုးနေကြကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံနီကို ကုန်စည်ဒိုင်တွင်သာမက အပြင်ပွဲရုံများမှာလည်းအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ ပခုက္ကူမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စီးပွားရေးအချက်အချာကြသော မြို့ကြီးတစ်မြို့လည်း ဖြစ်ပါသည်။
ဩဂုတ်လ(ပထမပတ်)(၁.၈.၂၀၂၄)နေ့၏ အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းများမှာ ပဲစဉ်းငုံနီ (၂၀)ပိဿာပါတစ်တင်းလျှင် ကျပ်(၁၄၀၀၀၀)၊ (၂.၈.၂၀၂၄)၏ ဈေးနှုန်းမှာ တစ်တင်းလျှင်ကျပ် (၁၃၈၄၀၀)၊ (၃.၈.၂၀၂၄)ရက်နေ့၏ ဈေးနှုန်းမှာ(၁၃၇၂၀၀)၊ (၅.၈.၂၀၂၄)ရက်နေ့၏ ဈေးမှာတစ်တင်းလျှင် ကျပ်(၁၃၇၆၀၀)ဖြစ်ခဲ့ပြီး တစ်ရက်နေ့နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင်ကျပ်(၂၄၀၀)ခန့်ကျနေသော်လည်း အရောင်းအဝယ်မှာ တစ်နေ့လျှင် အိတ်ရေ(၁၀၀ မှ ၃၀၀)ထိအရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့သို့ အဓိကတင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)