ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်မြို့၊ မူလွန်(ကိုးသောင်း) ကျောင်း၊ အ.ထ.က(မူယာပင်)ကျောင်းသို့လည်းကောင်း၊ ရွှေတောင်မြို့၊ အ.မ.က(ဝါးလည်)ကျောင်း၊ အ.မ.က(ကြို့ကုန်း)ကျောင်း၊ မူလွန်(အိုးထိမ်းကုန်း) ကျောင်း၊ အ.မ.က(လက်ခုတ်တန်း)ကျောင်းနှင့် တည်ကြီးကုန်းအုပ်စု၊ တည်ကြီးကုန်းရွာသို့လည်းကောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအား မြို့နယ်တာဝန်ခံများနှင့်ဝန်ထမ်းများသည်  မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)